သက္ကရာဇ်၁၈၂၄-ခုနှစ်သည်ကား လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး၏ ပထမဆုံးအကြိမ် လငပုပ်ဖမ်းခြင်းကို
ခံရသောအခါဖြစ်၏။ အန္ဒိယပြည်ကို အုပ်စိုးနေသော အင်္ဂလိပ်ဘုရင်ခံချုပ် လော့အမ္မဟတ် (စ်)၏ ရန်သတ္တရုပြုအတွက်
ဗမာပြည်အနောက်ဘက် ပင်လယ်ကမ်းရိုးတန်း၊ အာသံပြည်နည်၊ ဓည၀တီ ရခိုင်ပြည်နှင့် အရှေ့ဘက်နယ်စပ်
တနင်္သာရီတိုင်းတို့ကို အင်္ဂလိပ်များအပိုင် ယူသွားသောနှစ်ဖြစ်ရာ တိုင်းပြည်နယ်များသည် အင်္ဂလိမ်မင်းလက်အောက်သို့ ၁၈၂၆-ခု
စစ်ပြီး၍ ရ န္တပိုစာချုပ်အရ ကျရောက်သွားခဲ့ရသည်။ ဤအချိန်က မြန်မာမင်းတို့၏ နေပြည်တော်ကား အင်းဝတွင်ရှိ၍
ဘကြီးတော်မင်း စိုးစံတော်မူသောအခါဖြစ်၏။ ပြူ၊ ကမ်းယံ၊ သက် ဟူသောမူလလူမျိုးသုံးမျိုးဖြင့်တည်ထောင်လာခဲ့သော
မြန်မာလူမျိုးတို့ ကား ကမ္ဘာ့ပြင်ဘက် တိုင်းနိုင်ငံတို့နှင့် ဆက်သွယ်မူတွင် အတွေ့အကြုံ နည်းပါးခဲ့သော်လည်း ဘယ်သောအခါမျှ
လူမျိုးခြား၏လက်အောက်ခံ၌ ကျွန်သဘောက်အဖြစ် အနေလိုကြသော စိတ်ရှိကြသည်ကိုကား အင်္ဂလိပ် အစိုးရတို့
နားလည်မူရှိပြီးဖြစ်၏။
ထို့ကြောင့် ထိုအချိန်အခါကဆိုလျှင် သူတို့ပိုင် နယ်များ၌ အခွန်အကောက်မျှပင် မကောက်စေရဘဲ
လွတ်လပ်ချောင်လည်စွာ လယ်သာစိုက်မျိုးခြင်း၊ ကူးသန်းရောက်းဝယ်ခြင်းကို မြဲစေခဲ့ပြီး၎င်း တို့လက်အောက်တွင် နေရထိုင်ရ၍
အကျိုးရှိပုံတို့ဖြင့် တစတစ ဖြားယောင်းလျက်ရှိခဲ့၏။ တိုမျှမက သစ်ရောင်းဝယ်သောကုမ္ပဏီ၊ ဆန်စပါး ရောင်းဝယ်သော
ကမ္ပဏီများက ရင်နှီးရန် ငွေကြေးအများအပြားထုတ်၍ ပေးခြင်းအားဖြင့် ထောက်ပံ့ ကူညီမှူကိုပြုပြင်ရာ
မြန်မာတိုင်းရင်းသားအများပင် ဓနရှင်သူဌေးကြီးများ ဖြစ်လာကြ၏။
ငွေနှင့်ကြေးနှင့် ဖြားယောင်းခြင်းအပြင် ၎င်းတို့ဘာသာကို သင်ကြား တတ်မြောက်သူတို့အား
အလွန်မြင့်သောအဆင့်အတန်းဖြင့် အခွင့် အရေးပေးကြရာ အင်္ဂလိပ်စာပေ စကားတတ်မြောက်သူ အလွန်နည်းပါး
သောခောတ်က တဦးတလေတတ်မြောက်လာခဲ့သော်ထိုသူသာလျှင် ဘုရားထူးခဲ့မင်းယောင်္ကျားဖြစ်သွားရပြန်၏။
သို့အတွက်ကြောင့် အင်္ဂလိပ်စကား အင်္ဂလိပ်စာပေကို ဘ၀ရှင်မင်းတုံးမင်းကြီးလက်ထက်က နိုင်ငံခြားပညာတော်သင်ဟူ၍
မလွှတ်ရသေးမီပင် ရခိုင်ပြည်၌အင်္ဂလိပ်စာတတ်ပညာရှင်များပထမဦးစွာ ပေါ်ပေါက်ခဲ့လေသည်။ အင်္ဂလိပ်ပညာကိုလည်း
တတ်နိုင်သောမိဘများက အန္ဒိယပြည် ကာလကတ္တားသို့ရောက်အောင်ပင် ပို့၍သင်ကြားကြရာ အင်္ဂလိပ် အစိုးရဌာနများတွင်
ရခိုင်လူမျိုးပညာရှိများကို အထူးအခွင့်အရေးပေ၍ ခန့်ထားခဲ့လေသည်။ ဦးထွန်းကြံ ဆိုသူ ယခုဗမာထဲမှ ပထမဆုံးအိုင်စီအက်စ်
ဦးကျော်မင်း၏ ဖခင်သည် ဗမာထဲမဆုံး ဘီအယ် ၀တ်လုံအတတ်ကို အောင်မြင်ခဲ့သဖြင့် ရခိုင်ပြည်၌ အထူးကျော်ကြားခဲ့သည်။
ရခိုင်ပြည်.ဗမာပြည်တို့တွင် ထိုကဲ့သော အင်္ဂလိပ်ပညာတတ်များရေပန်းစားကာ ခေတ်ရှေ့ကသွားလျှက်နေသော မြန်မာ
သက္ကရာဇ်၁၂၄၁-ခုနှစ်၊ သီပေါဘုရင် မန္တလေးနေပြည်တော်၌စိုးစံလျက်ရှိနေစဉ်အခါတွင်ဦးဥတ္တမအားဖွားမြင့်ခဲ့လေသည်။
Tuesday, 26 April 2011
Monday, 25 April 2011
Subscribe to:
Posts (Atom)